၂၅ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်ထိပ်သီးအစည်းအဝေးအခမ်းအနား

ကျွန်တော်များ Linn IT Solution Co., Ltd. အတွက် သမိုင်းဝင်မှတ်တမ်းတစ်ခုအနေဖြင့် ၂၀၁၃ ခုနှစ်တွင်မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် WiFi Internet တပ်ဆင်ခြင်း၊ Network တည်ဆောက်ခြင်း လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လမ်းညွှန်မှုများဖြင့် ဂုဏ်ယူစွာဆောင်ရွက်နိုင်ခဲ့သည့်အပြင် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ၊ အာဆီယံလူငယ်အားကစားပြိုင်ပွဲများတွင်လည်း ဆက်ဆက်ဆောင်ရွက်နိုင်ခဲ့ပါသည်။

တတိယအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး & IT နှင့်သက်ဆိုင်သောအစည်းအဝေး

၂၀၁၄ ခုနှစ် သြဂုတ်လတွင် Myanmar International Conversion Center တွင်ကျင်းပခဲ့သော Third BIMSTEC Summit & Related Meeting တွင်လည်း Wireless Internet Access တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် Media User Complain ဖြေရှင်းခြင်းလုပ်ငန်းများကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။

Linn IT,Mobile & Electronic ၏ မဟာဘုံကထိန် အလှူပွဲ

Linn IT,Mobile & Electronic ၏ မဟာဘုံကထိန် အလှူပွဲ ၉-၁၁-၂၀၁၉ရက်နေ့တွင် ကထိန်ပဒေသာပင်များလှည့်လည်ပို့ဆောင်ခဲ့ကြပြီး ၁၀-၁၁-၂၀၁၉တွင် ရွှေစေတီတောရကျောင်း၌ ပုရိမဝါမှ ထမြောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား ကထိန်လျာ မြတ်သင်္ကန်းကပ် မင်္ဂလာပြုလုပ်ရာ ဘုရားအမှူးရှိ သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်း၍ တရားနာယူခဲ့ကြသော ပုံရိပ်များကို ကျွန်တော်တို့Linnဆိုင်များ၏ ကျေးဇူးရှင် ဧည့်သည်တော်များ သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ…