Linn IT Solution Co.,Ltd was established in 5 May 2005 at Bogyoke Street, Pyinmana as Linn IT Solution Center and we have being serviced concern IT System for Ministries  and Private Companies.And Then, we opened the Trainings for Computer and Sales Accessories and Computer.

Our Mission

စည်းကမ်းလိုက်နာပြီး အရည်အချင်းနှင့်ပြည့်စုံသော ဝန်ထမ်းကောင်းများနှင့် ပူးပေါင်းဆောင်ရွက်မယ်။ ၂၀၂၃ ပြည်နှစ်တွင် ISO standard ရရှိအောင်ဆောင်ရွက်ပြီး ဝန်ဆောင်မှုအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါမည်။

Our Vision

ကျွန်ုပ်တို့် Linn IT Solution Co.,Ltd သည် မြန်မာနိုင်ငံတစ်ဝန်းတွင် ဝန်ဆောင်မှုအကောင်းဆုံး ကုမ္ပဏီဖြစ်ရမည်။

ကုမ္ပဏီအကြောင်း

ကျွန်တော်များ Linn IT Solution Co., Ltd. သည် (၅.၅.၂၀၀၅) ရက်နေ့တွင် ဗိုလ်ချုပ်လမ်း၊ ပျဉ်းမနားမြို့တွင် Linn IT Solution Center အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးရုံးများ၊ စစ်ရုံးများနှင့် ပုဂ္ဂလိက ကုမ္ပဏီများ အတွက် လိုအပ်သော IT နှင့်ပတ်သက်သည့် လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးခဲ့ပါသည်။ထို့အပြင် Computer နှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်း နှင့် Computer နှင့် ပက်သက်သည့် သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင် အမှတ် (၁၁၇)၊ သပြေကုန်းရပ်ကွက်၊ နေပြည်တော်တွင် Linn IT Solution Center – 2 (သပြေကုန်း) အားဖွင့်လှစ်ခဲ့ပြီး ဝန်ဆောင်မှုများပေးခဲ့ပါသည်။
၀ ခုနှစ်တွင် Linn IT Solution Co.,Ltd. အဖြစ် စတင်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ကုမ္ပဏီမှတ်ပုံတင်အမှတ်မှာ (၁၆၂၃/ ၂၀၁၀- ၂၀၁၁) ဖြစ်ပြီးပျဉ်းမနား နှင့် နေပြည်တော် ဆိုင်ခွဲများအား Linn IT & Mobile Shop အဖြစ်ပြောင်းလဲ ကာ Mobile Phone နှင့်ပါတ်သက်သော ပစ္စည်းများ ရောင်းချခဲ့ ပါသည်။
Linn IT Solution Co., Ltd. သည် နေပြည်တော် ကောင်စီနယ်မြေရှိ ပျဉ်းမနားတွင် Linn IT & Mobile Mart အဖြစ် ၂၀၁၅ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင် ခဲ့ပါသည်။
၂၀၁၈ ခုနှစ်တွင်လူငယ်များအတွက်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရန်၊ မိုဘိုင်းဆော့ဖ်ဝဲသင်တန်း၊ networking သင်တန်း၊ ဘာသာစကား သင်တန်း (အင်္ဂလိပ်၊ တရုတ်) ကို နေပြည်တော်၊ ပေါင်းလောင်းရပ်ကွက်၊ အမှတ် ၄/၅၅၊ ပေါင်းလောင်း ၄ လမ်းတွင်ဖွင့်လှစ်ခဲ့သည်။

USA, Japan, China နှင့် Taiwan နိုင်ငံများမှ အရေအသွေးမြင့် ပစ္စည်းများအား တင်သွင်းပြီး ပစ္စည်းမှန် စျေးနှုန်းမှန်ဖြင့် ရောင်းချ ပေးလျက်ရှိသလို လိုအပ်သော ဝန်ဆောင်မှု အားလုံးကိုလည်း အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက် ရှိပါသည်။ ဝန်ကြီးဌာနများ၊ စစ်ရုံးများမှ ခေါ်ယူခဲ့သော တင်ဒါများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လိုအပ်သော ပစ္စည်းများကိုလည်း တင်သွင်းပေးနိုင်ခဲ့ပါသည်။

အမှတ်(၁၁/၇) ၊ ဗိုလ်ချုပ်လမ်း၊ ပျဥ်းမနားမြို့။
အမှတ်(၁၁၇)၊ သပြေကုန်းရပ်ကွက်၊ နေပြည်တော်။
အမှတ်(၁၄/၅၈၅)၊ (၄)လမ်း၊ ပေါင်းလောင်း(၁)၊ ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့။

ကျွန်ုပ်တို့၏အောင်မြင်မှုမှတ်တမ်း

ကျွန်တော်များ Linn IT Solution Co., Ltd. အတွက် သမိုင်းဝင်မှတ်တမ်းတစ်ခုအနေဖြင့် ၂၀၁၃ ခုနှစ်တွင်မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် WiFi Internet တပ်ဆင်ခြင်း၊ Network တည်ဆောက်ခြင်း လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လမ်းညွှန်မှုများဖြင့် ဂုဏ်ယူစွာဆောင်ရွက်နိုင်ခဲ့သည့်အပြင် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ၊ အာဆီယံလူငယ်အားကစားပြိုင်ပွဲများတွင်လည်း ဆက်ဆက်ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ မတ်လတွင် Myanmar International Convention တွင်ကျင်းပခဲ့သော THIRD BIMSTEC SUMMIT & ITS RELATED MEETINGS တွင်လည်း Wireless Internet Access နှင့်ပတ်သက်၍ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် Media User Complain ဖြေရှင်းခြင်းလုပ်ငန်းများကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။