Apple Warranty Terms & Conditions
- Linn IT & Mobile မှ ဝယ်ယူထားသော Apple Product များအတွက် Apple Official Warranty (1 Year) အတွင်း User Fault ကြောင့် မဟုတ်ဘဲ Factory Error များဖြစ်ခဲ့ပါက သက်ဆိုင်ရာ Service Center သို့ (အခမဲ့) တာဝန်ယူ ပို့ဆောင်ပေးမည်ဖြစ်ပြီး Apple Warranty အတိုင်း အပြည့်အဝခံစားရမည်ဖြစ်ပါသည်။
- အာမခံသက်တမ်း(၁)နှစ် အတွင်း Product ကိုသာ အာမခံဝန်ဆောင်မှု ရရှိမည် ဖြစ်ပြီး Products ၏ အာမခံသက်တမ်း(၁)နှစ် အတွင်း Product ကိုသာ အာမခံဝန်ဆောင်မှု ရရှိမည် ဖြစ်ပြီး Products ၏ ဆက်စပ်ပစ္စည်းများ ဖြစ်သော Charger/Adapter/Cable စသည့် Accessories တို့ပေါ်တွင် အာမခံဝန်ဆောင်မှု မရနိုင်ပါ။
- Service Center ဘက်မှ စစ်ဆေးရာတွင် စက်ဖွင့်ထား၍ အတွင်းရှိစက်ပစ္စည်းများ အစားထိုးလဲလှယ်ထားကြောင်း တွေ့ရှိပါ က ဤစက်ပစ္စည်းအား မပြင်ပေးသည့်အပြင်ဒဏ်ကြေး SGD 130 ကျသင့်ပါမည်။ထိုဒဏ်ကြေးကို သုံးစွဲသူ Customer ဘက်မှ ပေးဆောင်ရပါမည်။
- သုံးစွဲသူ၏ မှားယွင်းမှု ( User Fault) ကြောင့် စက်ချို့ယွင်းချက်များ ဖြစ်ပေါ်ပါက Warranty ပျက်ပြယ်ပါသည်။ သုံးစွဲသူ၏ မှားယွင်းမှုဆိုရာတွင် -မိမိ၏ ပေါ့ဆမှုကြောင့် လွတ်ကျခြင်း၊ ရေဝင်ခြင်း၊ ရေငွေ့ ရိုက်ခြင်း၊ပွန်းပဲ့ခြင်း၊ အက်တွဲခြင်း၊ မီးလောင်ခြင်း စသည့် Error များ။
- Original Apple Adapter များ မဟုတ်သည့် Adapter များ၊ Cable များ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် shock ဖြစ်ခြင်းနှင့် အခြား Error များ။
- သုံးစွဲသူ Customer ၏ နေထိုင်ရာ အဆောက်အဦး၊ တာဝါတိုင်နှင့် ရာသီဥတုအခြေအနေကြောင့် ဖြစ်ပေါ်သော ချို့ယွင်းချက် များ။
- အခြားပြင်ပဆိုင်တစ်ဆိုင်တွင် စက်ဖွင့်ထားခြင်း၊ ပြုပြင်ထားခြင်းနှင့် အခြားစက်ပစ္စည်းဆိုင်ရာ လဲလှယ်မှုများ ပြုလုပ်ခြင်း Jailbreak ပြုလုပ်ခြင်းများ။
- Warranty ပြန်လည်ပို့ဆောင်ရာတွင် ကြာမြင့်ချိန် (၃) ပတ်မှ (၆) ပတ်တိတိ ကြာမြင့်တတ်ပြီး Error အမျိုးအစားပေါ် မူတည် ၍ Apple ဘက်မှ ပြန်လည်ပြုပြင်ပေးမည် ဖြစ်ပါသည်။
- Activate လုပ်သည့်နေ့မှစ၍ ရက် ၃ဝ အတွင်း Error ဖြစ်ပေါ်ပါက Factory Error ဟုတ်မဟုတ် Warranty အကျုံးဝင်မဝင် စစ်ဆေးပြီးမှ အသစ်တစ်လုံးအစားထိုး(၁ ကြိမ်) ပေး၊ Apple ၏ဆုံးဖြတ်ချက်သည်သာဖြစ်ပါသည်။
- မိမိဖြစ်နေသော Error အား Apple ဘက်မှ စမ်းသပ်စစ်ဆေးရာတွင် Error မတွေ့ရှိပါက မိမိ Device ကို မူလအတိုင်း ပြန် လည်ပေးအပ်မှာဖြစ်ပါသည်။Warranty ပြန်လည်ပို့ဆောင်ရာတွင် မိမိတို့၏ User Data များ၊ ဓာတ်ပုံများနှင့် အခြားအရေး ကြီး အချက်အလက်များအား Backup ပြုလုပ်ထားရန် လိုအပ်ပြီး ပျက်စီး/ဆုံးရှုံးမှုများ ဖြစ် ပေါ်ပါက တာဝန်ယူမည် မဟုတ်ပါ။