Linn Gift Card နှင့် ပတ်သက်သော အချက်အလက်များ

) Linn Gift Card ဆိုတာ ဘာလဲ ?

– Linn Gift Card သည် ကြိုတင်ငွေဖြည့်သွင်းပြီး ငွေပေးချေမှုပြုလုပ်နိုင်သည့် ကဒ်ဖြစ်သည်။ ကိုယ်တိုင် အသုံးပြုလို၍ ဖြစ်စေ၊ အခြားတစ်ဦးတစ်ယောက်အား လက်ဆောင်ပေးလို၍ဖြစ်စေ ဝယ်ယူအသုံးပြုနိုင်ပါ သည်။

) ဝယ်ယူရရှိနိုင်သည့် နေရာများ

– Linn ဆိုင်ခွဲများနှင့် ရုံးချုပ်ပေါင်းလောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်။

) အသုံးပြုနိုင်သော နေရာများ

– Linn ဆိုင်များရှိ အရောင်းကောင်တာများ၊ Linn Website နှင့် Linn Facebook Messenger များမှ တစ်ဆင့်   ဝယ်ယူမှုများတွင် အသုံးပြုနိုင်ပါသည်။

) ငွေထည့်သွင်းခြင်းနှင့် ငွေပေးချေခြင်း

– Linn Gift Card အတွင်းသို့ ငွေဖြည့်သွင်းခြင်းနှင့် ငွေလက်ကျန်စစ်ဆေးခြင်းအတွက် Linn ဆိုင်များရှိ အရောင်းကောင်တာများတွင် အသုံးပြုနိုင်ပါသည်။

– ငွေထည့်သွင်းထားခြင်းနှင့် ငွေပေးချေထားသော အချက်အလက်များ သိလိုမှုအတွက် (၂) လစာ အထိသာ သိရှိနိုင်ပါသည်။

– ငွေဖြည့်သွင်းခြင်းအား အနည်းဆုံး ငွေကျပ် (၂၀,၀၀၀/-) မှ စတင်ပြုလုပ်နိုင်ပါသည်။

– အရောင်းကောင်တာများတွင် ငွေပေးချေခြင်းအတွက် Card ကိုင်ဆောင်လာရန် လိုအပ်ပြီး Online မှ    ငွေပေးချေရန်အတွက် Card ID No နှင့် CVC No ထည့်သွင်းပေးရန် လိုအပ်ပါသည်။

) စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း

– Linn Gift Card ကို အသုံးပြုသည်နှင့် တစ်ပြိုင်နက် Gift Card နှင့်တကွ ပူးတွဲပါရှိသည့် အသုံးပြုသူများ သိရှိလိုက်နာရန် လိုအပ်သော အချက်များနှင့် Gift Card ၏ နောက်ကျောတွင် ပူးတွဲပါရှိသော စည်းကမ်း ချက်များအား အသုံးပြုသူများအနေဖြင့် အလိုအလျောက် သဘောတူလက်ခံပြီးဟု မှတ်ယူမည်ဖြစ်ပါသည်။

) စည်းမျဉ်း စည်းကမ်းများ ပြောင်းလဲပြင်ဆင်ခွင့်

– တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့် Linn Gift Card နှင့် ပတ်သက်သည့် မည်သည့် ပြဌာန်းချက်ကိုမဆို ဖျက်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် လိုအပ်သလို ပြင်ဆင်ခြင်းများအား Linn IT Solution Co.,Ltd မှ ဆောင်ရွက်ခွင့် ရှိပါသည်။

– Linn IT Solution Co.,Ltd အနေဖြင့် Gift Card နှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအား အချိန်နှင့် တစ်ပြေးညီ ပြင်ဆင်ရခြင်းများအတွက် ကြိုတင်ထုတ်ပြန်နိုင်ခြင်းမရှိပဲ ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။ ပြင်ဆင် ပြောင်းလဲဖြည့်စွတ်လိုက်သည့် စည်းမျဉ်းစည်းကမ်းအသစ်များအား www.linncomputer.com/giftcard သို့ ဝင်ရောက် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

– Linn Gift Card နှင့် ပတ်သက်သည့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက Linn IT Solution Co.,Ltd ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

) ခံစားခွင့်

– Linn မှ အခါအားလျော်စွာ ပြုလုပ်သော Linn Gift Card Promotion များအား ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။

– ငွေပေးချေမှုပြုလုပ်တိုင်းအတွက် ရရှိသော Bonus Point များအား အလိုအလျောက် Balance တွင် ပေါင်းထည့်ပေးသွားမည်ဖြစ်ပြီး Bonus Point များအား သုံးစွဲရန်အတွက် သီးသန့်ထပ်မံ လဲလှယ်ရန် မလိုအပ်ပါ။

– Linn Online Shopping မှ ဝယ်ယူမှုများအတွက် Payment Service Fee သက်သာနိုင်မည်ဖြစ်သည်။